ဖွဲ့စည်းတည်ဆောက်ခဲ့သည့်ခုနှစ်၊သမိုင်းကြောင်း

Share on facebook
Facebook
Share on twitter
Twitter
Share on linkedin
LinkedIn

ကွန်ပျူတာတက္ကသိုလ်(မန္တလေး)သည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်၊ တအုံကျေးရွာအနီးတွင် တည်ရှိပါသည်။ ရန်ကုန်-မန္တလေးအဝေးပြေး လမ်းမကြီးမှ(၂)မိုင်(၆)ဖာလုံ ကွာဝေးပါသည်။  စုစုပေါင်းဧရိယာ အကျယ်အဝန်းမှာ (၁၄၃.၁၈)ဧကရှိပါသည်။

ကွန်ပျူတာတက္ကသိုလ်(မန္တလေး)ကို ၂၀၀၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက် နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ အဆောက်အဦ အမျိုးအစားမှာ သံကူကွန်ကရစ် (၃)ထပ်အဆောက်အဦဖြစ်ပြီး၊ (၇-၇-၂၀၀၃)တွင် ကွန်ကရစ်လောင်းခြင်း လုပ်ငန်းစတင်ခဲ့ပါသည်။ အဆောက်အဦမှာအလျား(၅၆၉)ပေ၊ အနံ(၃၁၃)ပေ ရှိပြီး၊ ကြမ်းခင်းဧရိယာစုစုပေါင်းမှာ (၁၄၄၅၆၇)စတုရန်းပေရှိသော U ပုံစံ အဆောက်အဦဖြစ်ပါသည်။ တစ်ထပ်လျှင်(၁၄)ပေအမြင့်ရှိပြီး၊ စုစုပေါင်း အမြင့်မှာ(၅၆)ပေ(၆)လက်မ ရှိပါသည်။ ၎င်းအဆောက်အဦတွင် ပေ(၄၀×၃၀) ရှိသောအခန်းပေါင်း(၄၈)ခန်းပါရှိပါသည်။

ကွန်ပျူတာတက္ကသိုလ်(မန္တလေး) ပင်မဆောင်တည်ဆောက်ရေး စီမံကိန်းအား နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်အရ ၂၀၀၃ခုနှစ်၊ မေလမှစ၍ မြေနေရာ‌ရှင်းလင်းခြင်း၊ ပစ္စည်းစုဆောင်းခြင်းများ စတင်ပြုလုပ် ခဲ့ပါသည်။ (၂၇-၆-၂၀၀၃)ရက်နေ့တွင် ပန္နက်တင်မင်္ဂလာ ပြုလုပ်ခဲ့ပြီး           (၁-၇-၂၀၀၃)ရက်နေ့တွင် စက်အင်အား၊ လူအင်အားတို့ဖြင့် မြေတူးခြင်း  လုပ်ငန်းကို စတင်ခဲ့ပြီး နောင်တုံ ဆောက်လုပ်ရေးကုမ္ပဏီမှ တာ၀န်ယူတည် ဆောက်ခဲ့ပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌရုံး၏ ၂၀၀၇ခုနှစ်၊ ဇန်နဝါရီလ(၁၉)ရက် နေ့စွဲပါစာအမှတ်၊ ၀၁/နယက(ဥ)/ စ၀-၁အရ၊ အစိုးရကွန်ပျူတာကောလိပ်မှ ကွန်ပျူတာတက္ကသိုလ်(မန္တလေး) အဆင့်သို့ ၂၀၀၇ခုနှစ်၊ ဇန်နဝါရီ (၂၀)ရက်နေ့မှ စတင်တိုးမြှင့်ခဲ့ပါသည်။

ကွန်ပျူတာတက္ကသိုလ်(မန္တလေး)

 ကျောင်း၏ Layout Plan

(က) Building Layout Plan                                                        (ခ) Google Map Plan

Share on facebook
Facebook
Share on twitter
Twitter
Share on linkedin
LinkedIn